Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ


21 Sep,2023

ပေါင် စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်း လီမိတက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး သဘာပတိဦးမင်းညွန့်တင်က ဒီဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ထားသည့်လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းနှင့်အညီ လုပ်ဆောင်နေသည့် အတွက် အသင်းရေရှည်တိုးတက်အောင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လိုက်နာလုပ်ကိုင်ကြရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက သမဝါယမအသင်း၏ ငွေစုငွေချေး လုပ်ငန်းသည် ပညာရေးဝန်ထမ်းများအတွက်ဖြစ်၍ အကျိုးရှိစွာအသုံးပြုကြဖို့လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် အပြောင်းအလဲများရှိနေသည့်အတွက် အသင်းမဝင်ရောက်ရသည့် ဝန်ထမ်းများကလည်း အသင်းဝင်ရောက်နိုင်ပါကြောင်း၊ အသင်းဝင်ကြေးငွေကျပ်(၅၀၀၀/-)ကျပ် ထည့်ဝင်၍ အသင်းဝင်နိုင်ပါကြောင်း၊ စုဆောင်းငွေ၏တန်ဖိုး(၃)ဆအား အတိုးတစ်ကျပ်နှုန်းဖြင့် ပြန်လည်၍ ငွေထုတ်ချေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်းကိုလည်းကောင်း၊ အသင်း သားစာရင်းစစ်အစီရင်ခံစာဖတ်ကြားခြင်းကိုလည်းကောင်း၊ အသင်းသားများ၏ သားသမီးများအား ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား/သူ(၃)ဦးအား ဆုများချီးမြှင့်ပေး ခြင်းကိုလည်းကောင်း၊ စုဆောင်းငွေအများဆုံးအသင်းသားဆု(၃)ဦးအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်