သဲကုန်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်စန်း က အသင်းသားများတိုးတက်ရေး၊ အသင်းလုပ်ငန်းဆောင်ရွက်မှုများ ပတ်သတ်၍ အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးရှင်းတမ်းကို ဦးမြတ်ကျော်က ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်များ၊ သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်