ညောင်လေးပင် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်သမဝါယမအသင်းစုက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထားသည့်သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကနှစ်သိန်း နှုန်းနှင့် ညီမျှသောသဘာဝမြေဩဇာ 50 Kg ၊ ပုလဲ 50 Kg ၊ ကွန်ပေါင်း 50 Kg တို့အား မြို့နယ်အတွင်းရှိ မြို့မစိုက်/ထုတ်သမဝါယမအသင်းမှ အသင်းသား ၆ ဦး၏ စိုက်ဧက ၃၅ ဧက အတွက် ငွေကျပ်သန်း ၇.၀၀၊ ဇီးကုန်းလေးကျေးရွာ ရွှေပြည်သာလယ်/ထွေသမဝါယမအသင်းမှ အသင်းသား ၂၅ ဦး၏ စိုက်ဧက ၁၇၆ ဧကအတွက် ငွေကျပ်သန်း ၃၅.၂၀ ၊ သာလူကုန်းကျေးရွာ သာယာဖြိုးစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၂၉ ဦး၏ စိုက်ဧက ၂၂၄ ဧကအတွက် ငွေကျပ်သန်း ၄၄.၈၀ ၊ ရှမ်းရွာကျေးရွာ သာယာတိုးစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၆ ဦး၏ စိုက်ဧက ၂၆ ဧကအတွက် ငွေကျပ်သန်း ၅.၂၀ ၊ ဂျို့ပင်ကျေးရွာရှိ ရဲနွယ်စိုက်/ထုတ် သမဝါယမအသင်းမှ အသင်းသား ၃၂ ဦး၏ စိုက်ဧက ၁၉၉ ဧကအတွက် ငွေကျပ်သန်း ၃၉.၈၀ နှင့်ညီမျှသောသွင်းအားစုများ ပေးအပ်ခဲ့သည်။
ထို့ပြင် ပြွန်တန်ဆာမြို့ရှိ အောင်မြန်မာမျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသား ၁၄ ဦး၏ စိုက်ဧက ၁၂၇ ဧကအတွက် ငွေကျပ်သန်း ၂၅.၄၀ ၊ လသာကုန်းကျေးရွာရှိ လဝန်းသာ စိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၁၅ ဦး၏ စိုက်ဧက ၁၁၁ ဧကအတွက် ငွေကျပ်သန်း ၂၂.၂၀ ၊ အလယ်ရွာကျေးရွာရှိ ရွှေပြည့်စုံစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၂၀ ဦး၏ စိုက်ဧက ၁၅၉ ဧကအတွက် ငွေကျပ်သန်း ၃၁.၈၀ ၊ ဝါးရုံကုန်းကျေးရွာရှိ ရွှေတောင်သူစိုက်/ထွေ သမဝါယမအသင်းမှ အသင်းသား ၇ ဦး၏ စိုက်ဧက ၅၆ ဧကအတွက် ငွေကျပ်သန်း ၁၁.၂၀ ၊ စုစုပေါင်းသမဝါယမအသင်း ၉ သင်း၊ အသင်းသား ၁၅၄ ဦး၊ စိုက်ဧက ၁၁၁၃ ဧကအတွက် ငွေကျပ်သန်း ၂၂၂.၆၀ နှင့် ညီမျှသောသဘာဝမြေဩဇာ၊ ပုလဲ၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ဖြန့်ဖြူး ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်