ပဲခူး၊ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ငါးကုန်ထုတ်သမဝါယမ အသင်းလီမိတက်က အသင်းသားပြည်သူများ ငါးများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ အသင်းပိုင်ငါးကန်များမှ ငါးတန်၊ ငါးမြစ်ချင်းနှင့် ငါးမုတ်များ မွေးမြူထားရှိသည်။
အဆိုပါငါးကန်များမှ ငါးတန်ပိဿာချိန် ၃၅၀ ၊ ငါးမြစ်ချင်းပိဿာချိန် ၇၀၀၊ ငါးမုတ် ပိဿာချိန် ၅၅၀၊ စုစုပေါင်း ငါးပိဿာချိန် ၁၆၀၀ တို့ကို ဖော်ထုတ်၍ ငါးတန်နှင့် ငါးမုတ် တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ နှုန်းနှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် မြို့နယ်အတွင်းရှိ အသင်းသားပြည်သူများသို့ လက်လီလက်ကား ဝယ်ယူစားသုံးနိုင်စေရန် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်