Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး သမဝါယမကဏ္ဍက ငါးများ မွေးမြူထုတ်လုပ်


26 Sep,2023

ပဲခူး၊ စက်တင်ဘာ ၂၆

          သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ လက်ပံတန်းနှင့် သဲကုန်းမြို့နယ်များရှိ ငါးကုန်ထုတ်သမဝါယမအသင်းများ၏ အသင်းပိုင်ငါးကန်များ၌ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးခုံးမနှင့် ရွှေဝါငါးမျိုးများ မွေးမြူထားရှိသည်။

အဆိုပါ အသင်းပိုင်ငါးကန်များမှ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဖော်ထုတ် ရရှိသည့်  ငါးမျိုးစုံပိဿာချိန် ၁၁၀၉၀၅ ၊ တန်ဖိုးအားဖြင့် ငွေကျပ်သန်း ၄၇၅.၀၃၇ ကို စားသုံးသူ ပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်