Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၌ ကျေးလက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး


28 Sep,2023

ရေကြည် စက်တင်ဘာ ၂၇

        ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး (ငွေလုံးငွေ ရင်း) ရန်ပုံငွေဖြင့် City Nine Engineering Co., Ltd က တင်ဒါအောင်မြင်ဆောင်ရွက်သည့် အကျယ် ၁၂ ပေ ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေ ကျပ် ၁၉၆ ဒသမ ၂၀၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

       အဆိုပါ ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် ကျေးရွာ ၁၃ ရွာရှိ လူဦးရေ ၃၃၉၆ ဦးတို့အား အကျိုးပြုမည်ဖြစ်ပြီး ကွန်ကရစ်လမ်းရေရှည်တည်တံ့စေရန် လုပ်ငန်းဆောင်ရွက်မှုများကို ဧရာဝတီတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်