Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ကျောက်တော်မြို့နယ်အတွင်း လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ၌ ကော်မတီဝင်များဖွဲ့စည်းပေးခြင်း”


03 Oct,2023

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် တွင် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေ ဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မည့် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for work)ကျေးရွာ (၁၀) ရွာအနက် မီးရပ်ပြင်ကျေးရွာ၊ ခမောင်းတောကျေးရွာ၊ ငါးယောက်ကိုင်း ကျေးရွာ၊ ညောင်ချောင်းကျေးရွာ စသည့် ကျေးရွာ(၄) ရွာတွင် မြို့နယ်ကျေးလက်ရုံးမှ တာဝန်ရှိသူများမှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ (Cash for work) စီမံကိန်းသည် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း ဖြစ်သည့် အလျှောက် ကျေးရွာသူ/သားများအား ကျား/မ တန်းတူညီမျှစွာ လုပ်အားခများ ရရှိရန်ရည်ရွယ်၍ အကျိုးထိရောက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်