Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လဟယ်မြို့တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်းဖွဲ့စည်းရန် အစည်းအဝေးကျင်းပ


17 Oct,2023

လဟယ် အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွန်မှုအရ လဟယ်မြို့နယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့က လဟယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ခန္တီးမြို့နယ် ဦးစီးအရာရှိ ဦးမျိုးအောင်က ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ ငွေစုငွေချေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ငွေစုငွေချေးများဆောင်ရွက်ရာတွင် ဝန်ထမ်းများနှင့် အမှုဆောင် ကော်မတီများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး ဦးဆောင်ကော်မတီများ၊ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဘဏ္ဍာထိန်း၊ စာရင်းကိုင်များအား ရွေးချယ် အတည်ပြုခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်များက ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့် ဆက်‌လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်