Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝိုင်းမော်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု


23 Oct,2023

ဝိုင်းမော်၊ အောက်တိုဘာ ၂၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ   မတည်ပံ့ပိုးငွေရယူ၍ မိုးစပါးစီမံကိန်းဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း ၅ သင်းရှိ အသင်းသားတောင်သူ ၂၉၇ ဦး၏ စိုက်ဧက ၁၄၆၁ ဧကတွင် ဆင်းဧကရီ - ၃ စပါးမျိုးနှင့် ငွေတိုးစပါးမျိုးများအပြင်  GW-11 စပါးမျိုး ၆ ဧကကိုလည်း ၃ ပင် ၅ ပင်  တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိသည်။

          ထိုသို့ စိုက်ပျိုးလျက်ရှိရာတွင် ဝိုင်းမော်မြို့နယ် အမှတ်(၅)ရပ်ကွက်၊ ပေါင်ကမ်လားလယ်ယာ အထောက်အကူပြုဝန်ဆောင်မှုသမဝါယမအသင်းရှိ အသင်းသားတောင်သူ ၂၁ ဦး၏ စိုက်ဧက ၂၅၀ ပေါ်တွင် မိုးစပါးစိုက်ပျိုးထားမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်