Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ Mobile Financial Payment စနစ်ဖြင့် ထုတ်ချေး


25 Oct,2023

တံတားဦး အောက်တိုဘာလ ၂၅      

          မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)တို့ပူးပေါင်း၍ အုတ်ကျွတ်ဖိုကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၍ ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင်များ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ နှင့် ရွှေ (ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)မှကိုယ်စားလှယ်များ၏ ကြီးကြပ်၍ အုတ်ကျွတ်ဖိုကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ အသင်းသား (၁၄၆) ဦး ငွေ ကျပ် (၄၆၄၅၀၀၀၀)ကို Mobile Financial Payment စနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်