Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ကုန်း သံကူကွန်ကရစ်တံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး


27 Oct,2023

             မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ကြို့ကုန်း - ကံလည်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကြို့ကုန်းတံတား တည်ဆောက်ရေးစီမံကိန်းသည် ယခုအခါ တံတားတစ်စင်းတည်ဆောက်မှု၏ ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း မင်းတုန်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

            အဆိုပါတံတားကို ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေကျပ်သန်း ၂၂၃ ဒသမ ၃၈၈ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က တာဝန်ယူတည်ဆောက်လျက်ရှိပြီး အရှည်ပေ ၁၂ဝ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ သံကူကွန်ကရစ်တံတားဖြစ်သည်။

          ယင်းတံတားပြီးစီးသွားပါက ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှုလျှော့ချနိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးလွင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်