Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်ရှိသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုထောက်ပံ့ငွေများ ပေးအပ်


01 Nov,2023

သဲကုန်း အောက်တိုဘာ ၃၁

          ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ် ရေးအတွက် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ညီမျှသည့် ယူရီးယား  50 kg နှင့် ကွန်ပေါင်း 50 kg တို့ အား သဲကုန်းမြို့နယ် သီးကုန်းကျေးရွာ ရောင်ချည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းမှ အသင်းသား ၅ ဦး၏ စိုက်ဧက ၄၆  ဧကအတွက် ငွေကျပ်သန်း ၉.၂၀ ၊ ကရင်ကုန်း ကျေးရွာရှိ စိမ်းရောင်စို စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ ကျောက်စိမ်းရောင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းနှင့် ပုလဲမွေး စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းများမှ အသင်းသား ၂၁ ဦး၏ စိုက်ဧက ၁၃၆ ဧကအတွက် ငွေကျပ်သန်း ၂၇.၂ ၊ အိုင်းကုန်းကျေးရွာ သဇင်ပန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းနှင့် သဇင်နိုင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းများမှ အသင်းသား ၂၁ ဦး၏ စိုက်ဧက ၉၂ ဧကတွက် ငွေကျပ်သန်း ၁၈.၄ ၊ ရင်းတိုက်ကွင်းကျေးရွာရှိ နှင်းဆီဖြူ စိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ၁၇ ဦး၏ စိုက်ဧက ၆၃ ဧကအတွက် ငွေကျပ်သန်း ၁၂.၆ ၊ ကိုးတင်းကြေးကျေးရွာ ရွှေကိုးတင်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းများမှ အသင်းသား ၁၁ ဦး၏ စိုက်ဧက ၃၈ ဧကအတွက် ငွေကျပ်သန်း ၇.၆ ၊ တံခွန်တိုင်ကျေးရွာရှိ အောင်တံခွန် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၁၁ ဦး၏စိုက်ဧက ၃၅ ဧကအတွက် ငွေကျပ်သန်း ၇.၀၀ ၊ ညောင်ဝင်းကျေးရွာရှိ ညောင်ဝင်း(၁) စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၇ ဦး၏စိုက်ဧက ၄၀ ဧကအတွက် ငွေကျပ်သန်း ၈.၀၀ ၊ လက်ပံတန်းကျေးရွာရှိ ဆန်းသစ်ဝေ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၇ ဦး၏ စိုက်ဧက ၅၀ ဧကအတွက် ငွေကျပ်သန်း ၁၀  တို့အား ဆင်းသွယ်လတ်စပါးများ စိုက်ပျိုးရန်အတွက် မြို့နယ်သမဝါယမအသင်းလီမိတက် သွင်းအားစုအရောင်းဆိုင်မှ သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်