Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းထွက်ရှိမှု ကွင်းဆင်းဆောင်ရွက်


01 Nov,2023

တိုက်ကြီး နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ကန်ထရိုက်လယ်ယာစနစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အသင်း ၂၁ သင်း၊ အသင်းသား ၂၁၁ ဦးမှ မိုးစပါး ၁၇၃၂ ဧက စိုက်ပျိုးခဲ့ရာ ရန်လုံးနိုင်ကျေးရွာ အားမာန်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် ကွမ်းခြံကုန်းကျေးရွာ ရွှေဝါလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့၏ စိုက်ဧက ၁၀၀ အား စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧကလျှင် ၇၄ တင်းနှုန်းထွက်ရှိသည်။

ထွက်ရှိသောစပါးများအနက် အသင်းသားတောင်သူများမှ ၎င်းတို့ထုတ်ယူထားသည့် သွင်းအားစုတန်ဖိုးနှင့်ညီမျှသော စပါးတင်း ၁၂၂၇ တင်းကို အောင်နိုင်သစ္စာကုမ္ပဏီသို့ ပေးအပ်မှုအခြေအနေများအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အုပ်ချုပ်မှုဒါရိုက်တာဦးကံချွန်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်