Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်


03 Nov,2023

မန္တလေး နိုဝင်ဘာ 

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းအဖြစ် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းကို ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းပင်ရိုး ကျေးရွာ၌  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

          လမ်းလုပ်ငန်းဆောင်ရွက်ရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများမှ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ကျေးရွာ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံပြီး မြေပြင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ အား နိုဝင်ဘာ ၁ရက်က ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

           အဆိုပါကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်က စတင်ဆောင် ရွက်ခဲ့ရာ ၂၀၂၃ခုနှစ် ဇူလိုင်လအထိ အတိုးငွေပေါင်းငွေကျပ် ၂၉ ဒသမ ၂၄၅၅ သန်းရရှိပြီးဖြစ်၍ အတိုးရငွေ၏ ၅၀ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၁၄သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်