Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လမ်းလုပ်ငန်းများအရည်အသွေးကောင်းမွန်ရေး ကွင်းဆင်းကြီးကြပ်


03 Nov,2023

လေးမျက်နှာ နိုဝင်ဘာ ၂

     ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော ပဆင-စာစီကုန်း-ထောက်ကြံကွင်း-ဝါးတောကွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁ ရက်က ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါလမ်းကျောက်ချောခင်းခြင်းကို တိုင်းဒေသကြီးငွေလုံးငွေ ရင်းရန်ပုံငွေ ၁၃၃ ဒသမ ၄၉၈ သန်း အကုန်အကျခံ၍ အရှည်တစ်မိုင် အကျယ် ၁၂ ပေ၊ ဒု ၁၄ လက်မအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊မကြာမီအချိန်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နေကြောင်းနှင့် လမ်းလုပ်ငန်းပြီးစီးသွားပါက ကျေးရွာခြောက်ရွာ အိမ်ခြေ ၇၇၂ အိမ် လူဦးရေ ၃၁၁၆ ဦးအား အကျိုးပြုနိုင်ကြောင်း သိရသည်။

တင်ရွှေ(ပြန်ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်