Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်


07 Nov,2023

ဘားအံ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာရှိ ယုဇနလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းပိုင်ငွေကျပ်သိန်း ၉၄.၅၀ ဖြင့် အသင်းသား ၂၅ ဦး တို့အား ပံ့ပိုးငွေထုတ်ပေးသည့်အခမ်းအနားကို ထုံးအိုင်စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများ၊ အသင်း အမှုဆောင်များနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က အမှုဆောင်အဖွဲ့အနေဖြင့် ပံ့ပိုးငွေများကို ထုတ်ပေးရာတွင် သတ်မှတ်ထားသည့် ညွှန်ကြားချက် များနှင့်အညီ အသင်းသားတစ်ဦးချင်းလက်ဝယ်ရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်စေပြီး အမှုဆောင်များနှင့် အသင်းသားများအား သမဝါယမကျင့်ဝတ်၊ အနှစ်သာရ၊ မူဝါဒလုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေများသိရှိစေရေးနှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် ဆွေးနွေး ရှင်းလင်းခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်