Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်တွင် သမဝါယမအသင်းအသင်းများမှ ဆန်စပါးလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး သွင်းအားစုပံပိုးမှုဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


07 Nov,2023

ကျောက်ဆည် နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါးများကို ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေများဖြင့် စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာတွင် သမဝါယမအသင်းများမှ ဆန်စပါးလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး သွင်းအားစုပံ့ပိုးမှုဖြင့် တောင်သူ ဒေါ်အေးပို စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စုတွင် သမဝါယမအသင်းများမှ ဆန်စပါးကုမ္ပဏီများ နှင့် ချိတ်ဆက်ပြီး သွင်းအားစုပံ့ပိုးမှုဖြင့် တောင်သူ(၃၁)ဦးမှ ဧရာမင်းမိုးစပါး (၁၅၀)ဧက စိုက်ပျိုးထား ကြောင်းနှင့် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင် သည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်း ပြည့်မီစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီ နှိမ်နင်းရေး၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ်မှန်ကန်စေရေး၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲစေရေးစသည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် ဇော်ဂျီ၊ ကင်းတား၊ သစ်တက်ကုန်း၊ ဆည်ရေများအပြင် မိုးကောင်းရေသောက်စနစ်၊ မြေအောက်စက်ရေတွင်းစနစ်များဖြင့် အမျိုးမျိုး စိုက်ပျိုးရာ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် (၅၉၇၀)ဧက၊  သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် (၁၀၁၄၈)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း တွင် (၉၈၇၃)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် (၉၂၄၅)ဧက၊ စမာစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် (၈၀၃၂)ဧက၊  တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် (၉၅၄၉)ဧက၊  စုစုပေါင်း (၅၂၈၁၇)ဧက  စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်