Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


09 Nov,2023

ဝါးခယ်မ  နိုဝင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သမဝါယမအသင်းစုလီမိတက် ၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးပွဲတွင် သမဝါယမအသင်းပေါင်း ၂၇၀ ရှိသည့်အနက် ၁၈၅ သင်း တက်ရောက် ခဲ့ရာ မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးသက်မှ အဖွင့်အမှာစကားပြောကြားပြီး သမဝါယမ အသင်းစုဥက္ကဋ္ဌမှ သမဝါယမလုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသင်း၏ဘဏ္ဍာရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာများကို အသင်းအမှုဆောင် များက ဖတ်ကြားတင်ပြရာ အတည်ပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်သမဝါယမအသင်းမှ အမှုဆောင်များ အသင်းဝင်အခြေခံ အသင်းများမှ အမှုဆောင်များ စုံစုံညီညီတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို တာဝန်ရှိသူ များက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်