Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ်သမဝါယမအသင်းမှ ဆင်လူးကျေးရွာတွင် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


10 Nov,2023

 ပန်းတောင်း နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧက (၄၀၀) သတ်မှတ်ထားပြီး ကျေးရွာ (၁၁) ရွာ အသင်းသား (၁၈၅)ဦးဖြင့် ရာနှုန်းပြည့်စိုက်ပျိုးထားရှိရာ ယမန်နေ့နံနက်ပိုင်းက ဆင်လူးကျေးရွာတွင် သမဝါယမအသင်းမှ စပါးပျိုးထားရှိမှုနှင့် ရိတ်သိမ်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု​စစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆင်လူးကျေးရွာတွင် စိုက်ထွေသမဝါယမအသင်းသား (၁၀)ဦးမှ မှော်ဘီစပါးမျိုး (၁၀)ဧကအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုပုလဲဓာတ်မြေသြဇာနှင့် (၁၅)ပတ်လည် ကွန်ပေါင်းတို့ကို ထည့်သွင်းအသုံးပြုခဲ့ရာ ယခင်နှစ်စပါး(၁)ဧကလျှင် (၄၅)တင်းထွက်ပြီး ယခုနှစ်တွင် (၁)ဧကလျှင် တင်း (၇၀)ထွက်ရှိကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်