Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လဲချားမြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံငွေစု/ငွေချေးသမဝါယမအသင်း သင်းလုံးကျွတ်အစည်းအဝေးကျင်းပပြုလုပ်


10 Nov,2023

လဲချား နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်း သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဉီးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး အစိုးရဝန်ထမ်း ပေါင်းစုံငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် အမှုဆောင်ကော်မတီအဖွဲ့ အသင်းဉက္ကဋ္ဌ ဉီးစိုင်းသက်အောင်ဉီးမှ သင်းလုံးကျွတ်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်သန်းသန်းမြက သမဝါယမလုပ်ငန်း များအား ရှင်းလင်းပြောကြားခြင်း၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းရှင်းတမ်းများ ရှင်းလင်းပြောကြားပြီး အသင်းသားများ၏ မေးမြန်းချက်များအပေါ် အသင်းဉက္ကဋ္ဌမှ အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်