Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်များက ငါးမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး


13 Nov,2023

ပဲခူး နိုဝင်ဘာ  ၁၃

          ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် သဲကုန်း မြို့နယ်ရှိ ချမ်းမြေ့ငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်တို့သည် အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ဖော်ထုတ်ရရှိသည့်  ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်နှင့် ငါးကြင်းစုစုပေါင်းငါးမျိုးစုံပိဿာချိန် ၉၇၂၉ ကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကား ရောင်းချပေးခဲ့သည်။ အဆိုပါငါးကန်များမှ ငါးမျိုးစုံပိဿာချိန် ၁၂၀၆၃၄ ကို ဖော်ထုတ်၍ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်