Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးများရိတ်သိမ်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေး


15 Nov,2023

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး များကို နိုဝင်ဘာလ(၁၄)နေ့ကရိတ်သိမ်းခဲ့ကြရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မိုးစပါးရိတ်သိမ်းမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အောင်နိုင် သစ္စာကုမ္ပဏီမှ တာဝန်ရှိသူများက ကြို့ကုန်းကျေးရွာတွင် ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးသန်းဇော်လင်း၏ လယ်ယာမြေ(၇)ဧက မိုးစပါး ရိတ်သိမ်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေမှ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားများအနေဖြင့် သွင်းအားစုများရယူထားသည်နှင့်အညီ တာဝန်ကျေစပါးများ အပြေအကြေပေးသွင်းနိုင်ရေး၊ စပါးများ အလေအလွင့်မရှိစေရေး၊ စပါးအထွက်နှုန်းများ ယခင်နှစ်များနှင့် အတိုးအလျော့မှတ်တမ်းများ စနစ်တကျရေးသွင်းထားရှိရန်နှင့် ဒေသပေါက်ဈေးများနှင့်အညီ ကုမ္ပဏီသို့ တာဝန်ကျေစပါးများ ပေးသွင်းရန် ညှိနှိုင်းဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းမှာကြားသည်။

ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူ(၁၁၇)ဦး၊ မိုးစပါးစိုက်ဧက (၁၁၂၀)ဧက စိုက်ပျိုးထားရှိပြီး ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူ ဦးသန်းဇော်လင်း၏ လယ်ယာမြေ(၇)ဧက စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်းတင်း (၇၀) ထွက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး

ဇင်မင်းထိုက်(ထန်းတပင်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်