Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)၌ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်


01 Mar,2024

မော်လမြိုင် မတ် ၁

               အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း) ဖွင့်ပွဲအခမ်းအနားကို သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)တွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။  အခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ယခုလို သင်တန်းများ ဖွင့်လှစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးရမှာဖြစ်ကြောင်း၊ Virtual သင်တန်းဖြစ်သည့်အတွက် အာရုံစူးစိုက်လေ့လာသင်ကြားကြရန် နှင့် သင်တန်းအား ပြီးမြောက်သည်အထိ သင်ကြားကြရန် ပြောကြားသည်။

               အဆိုပါသင်တန်းကို သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) တွင် ပထမအကြိမ်အဖြစ် (၂၈-၂-၂၀၂၄) မှ (၁၂-၃-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည် ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာန အဆင့်ဆင့်တို့မှ အမှုထမ်းဝန်ထမ်း(၄၀)ဦးအား Virtual စနစ်ဖြင့် အခြေခံစာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်းဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်