Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


01 Mar,2024

အထက်မင်းလှ မတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီ သီးနှံအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့် သွင်းအားစုများရယူနိုင်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်လုပ်ငန်းရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး သမဝါယမ အသင်းစု၏ ဆက်လက်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည်။

အဆိုပါအစည်းအဝေးသို့ တိုင်း‌ဒေသကြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်