Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


04 Mar,2024

မကွေး မတ် ၄

မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မတ် ၁ ရက်နေ့က မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အသင်းစုချုပ်ဥက္ကဋ္ဌ၊ သဘာပတိဦးစံကျော်ဝင်းမှ နှစ်အတွင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းမှ လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများမှ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်