Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး သမဝါယမကဏ္ဍက ငါးများ မွေးမြူထုတ်လုပ်


08 Mar,2024

ပဲခူး မတ် ၈

          သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ လက်ပံတန်းနှင့် သဲကုန်းမြို့နယ်များရှိ ငါးကုန်ထုတ်သမဝါယမအသင်းတို့၏ အသင်းပိုင်ငါးကန်များ၌ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်နှင့် ငါးကြင်းငါးမျိုးများ မွေးမြူထားရှိသည်။

အဆိုပါ အသင်းပိုင်ငါးကန်များမှ ငါးမျိုးစုံပိဿာချိန် ၈၅၁၆၇ ပိဿာကို စားသုံးသူပြည်သူ များ ဝယ်ယူစားသုံးနိုင်ရန်အတွက် လက်လီလက်ကားဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်