Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်ရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၁၉ သင်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးပေးအပ်


11 Mar,2024

ဝါးခယ်မ မတ် ၁၁

          ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးသည့် စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း ၁၉ သင်းမှ အသင်းသား ၂၀၈ ဦး၏ မြေပဲသီးနှံ ၄၂၀ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသောသွင်းအားစုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၁၂၆၀ သိန်း ပံ့ပိုးပေးအပ် သည့်အခမ်းအနား ကျင်းပခဲ့သည်။

          အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ၎င်းအသင်းများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်