Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


14 Mar,2024

ဘားအံ   မတ်   ၁၄

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် နောင်ဘို-ကော့မူးသွေ ကျေးရွာချင်းဆက် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မတ် ၁၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ နောင်ဘို-ကော့မူးသွေ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက် ပြီး လုပ်ငန်းများအား အကျိုးရှိစွာအသုံးပြုရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

ဘားအံမြို့နယ်၌ အရှည် ငါးဖာလုံ၊ အကျယ် ၁၆ပေ၊ အမြင့် ခြောက်လက်မရှိ နောင်ဘို-ကော့မူးသွေ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၄၆  ဒသမ ၈၁၆သန်းဖြင့် တင်ဒါအောင်မြင်သည့် DNT ကုမ္ပဏီက ၂၀၂၃ခုနှစ် မေလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၁၀၀၀ကျော်မှ လူဦးရေ ၄၅၀၀ခန့်၏ လယ်ဧက ၆၀၀ကျော်မှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်က ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်