Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံခရိုင် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


14 Mar,2024

သထုံ မတ် ၁၃

            မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများကို ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သထုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

            သထုံခရိုင် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအဝင်လမ်းကို ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရန်၊ ကုန်စည်စီးဆင်းမှုလွယ်ကူမြန် ဆန်စေရန် ရည်ရွယ်၍ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၂၂ ဒသမ ၈၃၅ သန်းဖြင့် သထုံခရိုင် ဘီးလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် မေ ၂၇ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            သထုံခရိုင် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းသည် လမ်းအရှည် တစ်မိုင်နှင့် သုည ဒသမ ၈၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မရှိပြီး အဆိုပါလမ်းကိုအသုံးပြု၍ ကျေးရွာမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် မြို့ပေါ်ဈေးကွက်အရောက် တင်ပို့ ရောင်းချနိုင်တော့မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်