Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finnish Refuge Council (FRC) အဖွဲ့တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


19 Mar,2024

နေပြည်တော်၊ မတ် ၁၈

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finnish Refuge Council (FRC) အဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်း အချိန်က အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အစည်းအဝေးတွင် Finnish Refuge Council (FRC) အဖွဲ့မှ တာဝန်ရှိသူများက မိတ်ဆက် စကားပြောကြားပြီး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန် ကြားရေးမှူးချုပ်(စီမံ) ဖြည့်စွက်ဆွေးနွေးသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finnish Refuge Council (FRC) အဖွဲ့တို့ ပူးပေါင်းကာ ကျေးလက်နေဆင်းရဲနွမ်းပါးသော လူငယ်များနှင့် အမျိုးသမီးများအတွက် ရေရှည် တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေတိုးလုပ်ငန်းများ ရရှိလုပ်ကိုင်နိုင်စေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးနိုင်ရေး ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်