Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Project management သင်းတန်းဖွင့်ပွဲကျင်းပ


20 Mar,2024

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Project management သင်းတန်းဖွင့်ပွဲကျင်းပ
 
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
 
နေပြည်တော် မတ် ၂၀ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဦးစီးဌာနရှိ ဝန်ထမ်းများ စီမံကိန်းလုပ်ငန်းများတွင် လက်တွေ့အတွေ့ကြံုကောင်းများရှိနေသော်လည်း Projet Management ဆိုင်ရာသဘောတရားများအား စာတွေ့သိရှိစေရန် ရည်ရွယ်၍ Project Management သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ သင်တန်းနည်းပြများက မိတ်ဆက်စကားပြောကြားခြင်းနှင့် သင်တန်းတွင်ပို့ချမည့် သင်ခန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ အဆိုပါ Project management သင်တန်းဖွင့်ပွဲကို ဦးစီးဌာန(ရုံးချုပ်)အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၅၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၂၎င်းရက် နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်