Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ်၌ ကျေးလက်ကုန်ထုတ်မြေသားလမ်းဖွင့်လှစ်ခြင်း


25 Mar,2024

          (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်မြေသားလမ်းသစ် ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊    ထန်းတပင်မြို့နယ်၊   ကြို့ပင်ဝိုင်းကျေးရွာတွင် ကျင်းပခဲ့ပါသည်။ ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် မှ ကျေးရွာကုန်ထုတ် မြေသားလမ်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဦးခင်ဆွေနှင့် ညွန့်ပေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော့တို့မှ ကုန်ထုတ်မြေသားလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ထုတ်မြေသားလမ်း သစ်အား တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါ ကုန်ထုတ်မြေသားလမ်းသည် အရှည်(၁/၄)မိုင် ၊ အကျယ် ၁၈ပေ၊ ဒု(၂)ပေရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒဿမ ၅၆၃ သန်းဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်