Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်ရှိ သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


26 Mar,2024

ညောင်ရွှေ   မတ် ၂၆

          ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် စိုက်ပျိုးရေးခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု၊ ဒေသနွားမွေးမြူထားရှိမှု နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်မှ စားသုံးဆီကြိတ်ခွဲနေမှုများကို ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည်  တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အမှုဆောင်များအား အသင်းလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် အလေးထား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည်  ညောင်ရွှေမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်