Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲကျင်းပ


15 Jul,2022

နေပြည်တော်၊ ဇူလိုင် ၁၅

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ(TOT)သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယညွှကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို သင်တန်းသား (၂၂)ဦးဖြင့် ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ (၁၉)ရက်ကြာ မော်တော်ဆိုင်ကယ်တွင်ပါဝင်သော အစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံများ၊ လောင်စာဆီပို့စနစ်များ၊ Clutch Assembley နှင့် Clutch အလုပ်လုပ်ပုံများ၊ Power Transmission အကြောင်း၊ မီးပေးစနစ် အလုပ်လုပ်ပုံများကို Group (၄)ခု ဖွဲ့ပြီး စာတွေ့ (၃၀%) ၊ လက်တွေ့ (၇၀%) သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းသားအနေဖြင့် ယခုသင်တန်းကပို့ချပေးခဲ့သော နည်းပညာများကို ဆက်လက်လေ့လာသင်ယူ ကြရန်နှင့် မိမိတို့၏ ရုံးဌာန နေရာဒေသသို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် Vocational Training များ ပြန်လည်ဖွင့်လှစ်ပို့ချပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စာကား ပြောကြားကာ အခမ်းအနား သို့ တက်ရောက်လာသူများနှင့် သင်တန်းသားများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးပွားရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အဆိုပါ သင်တန်းများကိုအရည်အချင်းပြည့်ဝသော သင်တန်းနည်းပြများဖြင့် သင်ကြားပေးနိုင်ရန် ယခုကဲ့သို့ Training of Trainers (TOT) သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်