Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် သမဝါယမစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


20 May,2026

နေပြည်တော် မေ ၁၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် မေလ (၁၉) ရက်နေ့၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လင်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ရက် (၁၀၀) စီမံချက်အဖြစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း (၃၀၀) ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ ပြန်လည်ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိုင်းဇင်းကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာသို့ သွားရောက်၍ ရွှေလားဟူ စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သမဝါယမစနစ် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရေး၊ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ သမဝါယမကဏ္ဍကို မဏ္ဏိုင်ပြု၍ ဒေသထွက် ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)  ထုတ်လုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့နယ် သမဝါယမအသင်းစုမှ ဆောင်ရွက်လျက် ရှိသည့် ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုပြီး ငါးသားပေါက်များ တိုးချဲ့မွေးမြူရန်နှင့် ဒေသတွင်း ငါးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ ဝက်မွေးမြူရေးကိုလည်း ဝက်ကောင်ရေ တိုးချဲ့မွေးမြူရန်၊ ဒေသတွင်း အသားဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ အသင်းနှင့် အသင်းဝင်များ အကျိုးအမြတ် ပိုမိုရရှိရေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်