နေပြည်တော် မေ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းစံပြကျေးရွာ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးရွာမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက သော်မှော်ကုန်းကျေးရွာအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စံပြကျေးရွာအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့ပြနှင့် ကျေးရွာများအားလုံး Green, Clean, Smart ဖြစ်စေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမူဘောင်(၅)ရပ်နှင့်အညီ ဖြစ်စေရေး မိမိတို့ ဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအပါဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ ကျေးရွာများရွေးချယ်ကာ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး (၆)ရပ်လုပ်ငန်းများ ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံလုပ်ငန်းများ၊ ကျေးရွာစိမ်းလန်းစိုပြေရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးရွာသန့်ရှင်း သာယာလှပရေး၊ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ရေး၊ စနစ်ကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းများ ဖြစ်ပေါ်လာစေရေးတို့ကို ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများအပါဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်း ကြောင့် ဖြစ်သည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးဖြစ်သော ကျေးလက်လမ်း၊ တံတား၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးအတွက် သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ရေရှည် လည်ပတ်ထိန်းသိမ်း၍ ကျေးရွာကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ် ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေ ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာအတွင်း ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်းတံတား လုပ်ငန်းများအားလည်းကောင်း၊ ကျေးရွာရေရရှိရေးလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်နှင့် ICT စင်တာ ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ဖြင့် ဆောင်ရွက်ထားသော နို့စားနွားမွေးမြူရေးလုပ်ငန်း၊ အစုအဖွဲ့နှင့် တစ်ပိုင်တစ်နိုင် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်းကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးရွာ၏ အဓိကလုပ်ငန်းမှာ မွေးမြူရေးလုပ်ငန်း ဖြစ်သည့် အတွက် ထွက်ရှိလာသော မွေးမြူရေးထွက်ကုန်များအား ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကျွန်းကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ပို့ချလျက်ရှိသော အခြေခံအပ်ချုပ်စက်သင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးမှုများကို စနစ်တကျ လေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ မိမိတို့ စိတ်ပါဝင်စားမှုအပေါ်မူတည်ပြီး တက်မြောက်မှုပိုမို မြန်ဆန်မှာဖြစ်တဲ့အတွက် သင်တန်းသူအားလုံးက စိတ်ပါဝင်စားမှုရှိစွာ သင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြများကလည်း ခေတ်မီပြီး ဆန်းသစ်သော ချုပ်လုပ်နည်းများကို တီထွင်ကြံဆ ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဆွေးနွေးမှာကြားပြီးနောက် သင်တန်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်