Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်အတွင်းရှိ ချင်းကုန်း-ချောင်းဖျား-ငပိဆိပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


25 Mar,2024

ရေကြည် မတ် ၂၂

    ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အောင်ကမ္ဘာကုမ္ပဏီက တင်ဒါအောင်မြင်ဆောင်ရွက်သည့် ချင်းကုန်း-ချောင်းဖျား- ငပိဆိပ်လမ်း လမ်းအရှည် သုည မိုင် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ် ၂၁၂ ဒသမ ၂၂၀ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

    အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးတို့က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည်လည့်ကြည့်ရှု ခဲ့ကြသည်။

     အဆိုပါကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် ကျေးရွာပေါင်း ၃၈ ရွာ၊အိမ်ခြေ ၁၈၆၃ အိမ်၊ လူဦးရေ ၇ဝ၁၄ ဦးတို့အား သွားလာရေး အဆင်ပြေချောမွေ့စေပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်ရေးအတွက် များစွာ အကျိုးရှိလာပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်