Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


08 Apr,2024

တောင်ကြီး ဧပြီ ၈

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးရေးကျေးရွာရှိ မြို့နယ်သမဝါယမ အသင်းစုပိုင်ခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်နေမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် နွားမွေးမြူ ထားရှိမှုအခြေအနေများအား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့သို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အသင်းအမှုဆောင်များအား မိုးဦးရာသီတွင် သဘာဝမြေဩဇာများ အရည်အသွေးပြည့်မီစွာဖြင့် ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ နွားမွေးမြူ ထားရှိမှုနှင့် နွားစာစိုက်ပျိုးထားရှိမှု အခြေအနေများကို စနစ်တကျဆောင်ရွက်ပြီး မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အသင်းအကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်