Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘောဂသိဒ္ဓိလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း အသင်းပိုင်လယ်အား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


10 Apr,2024

မိုးကောင်း ဧပြီ ၁၀

             ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ကုန်းတန်းကြီးကျေးရွာရှိ ဘောဂ သိဒ္ဓိလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းပိုင်လယ်တွင် သီးထပ်စိုက်ပျိုးနိုင်ရန် အတွက် ခြံစည်းရိုးကာရံထားရှိခြင်း၊ ရေတွင်းတူးခြင်းနှင့် ဆီထွက်သီးနှံစိုက်ပျိုးထားရှိခြင်းတို့ကို ပြည်နယ် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်လင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

             အသင်းအနေဖြင့် အဆိုပါအသင်းပိုင်လယ်ဧက ၁၀.၄၂ ဧကတွင် ယခင်က မိုးစပါး ငါးဧကသာလျှင် စိုက်ပျိုးနိုင်ခဲ့ပြီး သီးထပ်စိုက်ပျိုးနိုင်ရန် တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရန် ၂၇၄၅ ပေအား ခြံစည်းရိုး ကာရံထားရှိခြင်း၊ ရေတွင်းတူးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြေပဲ ငါးဧကနှင့် နေကြာ ၅ ဒသမ ၄၂ ဧက စိုက်ပျိုးထားရှိသည်။ လာမည့် မိုးစပါးအမီ စက်မှုလယ်ယာဦးစီးဌာနနှင့်ပေါင်းစပ်၍ လယ်ယာမြေ စနစ်တကျ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး အသင်းပိုင်လယ်ဧကအားလုံးတွင် အထွက်နှုန်းကောင်းစပါး တစ်မျိုးတည်းကိုသာ စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်