Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရာထူးတိုးမြှင့်ရေးဆောင်ရွက်မှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး


30 Apr,2024

နေပြည်တော် ဧပြီ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဝန်ထမ်း များ၏ ရာထူးတိုးမြှင့်ရေးဆောင်ရွက်မှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို(၃၀-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သု‌တေသနခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ဝန်ထမ်းများကို ရာထူးတိုးမြှင့်ပေးခြင်းနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရမည့်အချက်များ၊ ရာထူးတိုးမြှင့်ခြင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရသည့်အချက်အလက်များ၊ ရာထူးတိုး စာမေးပွဲများ စစ်ဆေးမှုအဆင့်ဆင့်များ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများ၊ Performance Management System (PMS) စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးမှုများစသည့် ဝန်ထမ်းများ သိသင့်သိထိုက်သည့် အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်