Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများ၏ သာမန်၊ နှစ်ချုပ်အစီရင်ခံစာများတွင် ပေါ်ပေါက်သည့် လိုအပ်ချက်၊ အားနည်းချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကျင်းပ


15 May,2024

တောင်ကြီး မေ 1၅

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းများ၏ သာမန်၊ နှစ်ချုပ်အစီရင်ခံစာများတွင် ပေါ်ပေါက်သည့် လိုအပ်ချက်၊ အားနည်းချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင်တို့က ဘဏ္ဍာရေးနှစ်ချုပ်များ စစ်ဆေးခြင်းနှင့် ပတ်သက်၍ လိုအပ်ချက်များ အကြံပြုချက်များ၊ စစ်ဆေးဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ မိမိတို့မြို့နယ်အတွင်းရှိ သမဝါယမအသင်းများအား သာမန်/နှစ်ချုပ်စာရင်းစစ်ဆေး ခြင်းများနှင့်ပတ်သက်၍ စာရင်းဇယားရေးဆွဲထားမှုအခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲ များကို တင်ပြကြရာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ စာရင်းစစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် ပြန်လည်ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို  ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်(31)မြို့နယ်မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ စုစုပေါင်း (240) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်