Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


16 May,2024

တောင်ကြီး မေ ၁၆

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဘုရားငါးဆူ ကျေးရွာရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသားပိုင် လယ်မြေများတွင် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် အသင်း အမှုဆောင်များနှင့်တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးထားရှိမှုအပေါ် သွင်းအားစုနှင့် ပံ့ပိုးငွေများအား သမဝါယမအသင်းချင်းချင်း ချိတ်ဆက်ရယူ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ သီးနှံများ အထွက်တိုးအောင်မြင်စေရေးနှင့် အသင်းသားများ၏အကျိုးအမြတ်များရရှိစေရေးကို အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အဆိုပါ ချယ်ရီမြေစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၃၃ ဦးပိုင် လယ်မြေဧက ၄၀၀ တွင် နွေစပါးများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်