Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေကျပ်သိန်း (၁,၅၀၀) ကျော် ပေးအပ်ခြင်း အခမ်းအနားကျင်းပ


17 May,2024

ချောင်းဆုံ မေ ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် အသေးစားထုတ်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ပံ့ပိုးငွေကျပ်သိန်း (၁,၅၀၀) ကျော် ပေးအပ်ခြင်းအခမ်းအနားကို မေလ ၁၆ ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးက ပံ့ပိုးငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်းရှိ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်(၄)သင်း၊ မွေးမြူးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် (၁)သင်းနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းလီမိတက်(၁)သင်း၊ စုစုပေါင်းအသင်း(၆)သင်းမှ အသင်းသား (၂၅၃)ဦးတို့အား တာဝန်ရှိသူများက ဒုတိယအကြိမ် မတည်ပံ့ပိုးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်သတင်းဌာနခွဲ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်