Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါစိုက်ပျိုးရေးစီမံကိန်းနှင့်လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ရေးအစည်းအဝေး ကျင်းပ


17 May,2024

နေပြည်တော် မေ ၁၇

          ဝါစိုက်ပျိုးရေးစီမံကိန်းနှင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ရေးအစည်းအဝေးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက မိုးရာသီအကြိုဝါစိုက်ပျိုးရန် ဧက ၁၄၃၄ ပြည့်မီစေရေးဆောင်ရွက်ရန်၊ ဝါစိုက်ပျိုး ရေးအတွက် လိုအပ်သော သွင်းအားစုများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား သီးနှံပေါ်ပေး စနစ်ဖြင့် ဝယ်ယူဆောင်ရွက်ရန်၊ ဝါမျိုးစေ့များအတွက် RAKA 666 နှင့် ရွှေတောင်(၁၀)မျိုးများ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ ဝါမျိုးစေ့ကို မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် ဆောင်ရွက်ရန် (သို့မဟုတ်) ရိန်းဘိုးသမဝါယမအသင်းလီမိတက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ မိုးစပါးဧက ၁၀၀၀၀ ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးရာ တွင်လည်း ကြဲသားပက်စိုက်ပျိုးခြင်းမပြုဘဲ စီဒါနည်းဖြင့် စိုက်ပျိုးခြင်းအား ကွင်းဆင်းပညာပေး ဆောင်ရွက်ရန် ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိ များနှင့် နေပြည်တော်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌတို့၏ ဆွေးနွေးတင်ပြမှုများအပေါ် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ပြန်လည်ရှင်းလင်း မှာကြားသည်။

          အစည်းအဝေးသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ရှစ်မြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများ၊ နေပြည်တော်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်