Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် အစစမ်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး


17 May,2024

မကွေး      မေ     ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရန်ရည်ရွယ်၍ အစစမ်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း စတင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် တာဝန်ရှိသူများသည် အစစမ်းကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃ ဒသမ ၅ သန်းဖြင့် ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ရန်အတွက် ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ရန် မြေနေရာသတ်မှတ်ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များအား လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာအုပ်စု၊ အစစမ်းကျေးရွာ၌ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃ ဒသမ ၅ သန်းဖြင့် ဂါလံ ၂၄၀၀ ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့် ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၈၀ အိမ်၊ လူ ၁၀၃၅ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်