Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် အေးချမ်းသာငွေစုငွေချေးသမဝါယမအသင်းက တတိယအကြိမ် ပဲဆီသန့်များ ဖြန့်ဖြူးရောင်းချ


20 Jul,2022

မြစ်ကြီးနား၊ ဇူလိုင် ၂၀

ဒေသထွက်ကုန်များအား သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်၍ ကုန်စည်ဖလှယ်ရောင်းချပေးမှုများကို စားသုံးသူပြည်သူများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကချင်ပြည်နယ်အတွင်း စားသုံးဆီလိုအပ်ချက်ဖြည့်ဆည်း နိုင်ရန်နှင့် အသင်းသားပြည်သူများအား သန့်ရှင်းသောစားသုံးဆီများကို သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနတို့ ချိတ်ဆက်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော မြေပဲဆီသန့်များကို တတိယအကြိမ်အဖြစ် မြစ်ကြီးနား မြို့နယ်ရှိ အေးချမ်းသာငွေစုငွေချေးသမဝါယမအသင်းက မြေပဲဆီသန့်ပိဿာချိန် ၅၀၀ အား ထပ်မံဝယ်ယူခဲ့ပြီး မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်နှင့် ပူတာအိုခရိုင်များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားပြည်သူများအား ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်