Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်း၏ ပထမနှစ်ဝက်စာမေးပွဲကျင်းပ


23 May,2024

ပုဂံ၊ မေ ၂၃

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၌ မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန်နှင့် ယွန်းအတက်ပညာရှင်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပုံမှန် သင်တန်းများ နှစ်စဉ် ဖွင့်လှစ်ပို့သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ယွန်းအတတ်ပညာ ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၏ ပထမနှစ်ဝက် ကာလစာမေးပွဲဖြေဆိုခြင်းကို အဆိုပါ ကောလိပ်တွင် ကျင်းပသည်။

             ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းတွင် အခြေခံထည် သစ်/ဝါး၊ ပန်းချီ/ပန်းပု၊ ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွယွန်းနှင့် အနက်ထည်ယွန်းဟူ၍ ဘာသာရပ် (၆)ခုရှိပြီး ယနေ့တွင် အခြေခံထည် သစ်/ဝါးကို စာတွေ့၊ လက်တွေ့ ဖြေဆိုကြကြောင်း သတင်းရရှိသည်။

          ယွန်းပညာကောလိပ်(ပုဂံ)တွင် ယွန်းအတတ်ပညာဒီပလိုမာသင်တန်း (၂)နှစ်၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်း(၁)နှစ်အထူးနှင့် ယွန်းအတတ်ပညာကျွမ်းကျင်သူသင်တန်း(၁)နှစ်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်နေသူများကို အဆောင်အခမဲ့ နေထိုင်ခွင့်ပေးခြင်း၊ ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းမှ သင်တန်းသားများအား (၁)လလျှင် (၃၀,၀၀၀) ကျပ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပြီး ယွန်းအတတ်ပညာဒီပလိုမာသင်တန်း တက်ရောက်ပြီးပါက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်