Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မျှစ်အခြေခံစားသောက်ကုန်လုပ်ငန်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


24 May,2024

နေပြည်တော်၊ မေ ၂၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မျှစ်အခြေခံစားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးအခန်းမ၌ကျင်းပသည်။

          အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Na Rain Dara Co., Ltd နှင့် Golden Plain အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ကြရာ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းတွင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်ရရှိရေးနှင့် နိုင်ငံခြားသို့ပို့ကုန်ကဏ္ဍ တိုးတက်တင်ပို့နိုင်ရေးတို့အတွက် ယခုလို ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ မျှစ်အခြေခံ စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းရရှိရေးသည် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အတူ မိမိတို့ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ Na Rain Dara Co., Ltd နှင့် Golden Plain အဖွဲ့အစည်း မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များအား အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများက မျှစ်အခြေခံစားသောက်ကုန်လုပ်ငန်း၊ ဝါးစိုက်ပျိုးမှု အခြေအနေများနှင့် နိုင်ငံခြားသို့ ပို့ကုန်အဖြစ် တင်ပို့နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်