Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှစ်ကျပ်ခွဲကျေးရွာတွင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ စိုက်ပျိုးရေးသွင်းအားစုနှင့် အရင်းမပျောက်မတည်ငွေများ ထုတ်ပေး


27 May,2024

ကျောက်ပန်းတောင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နှစ်ကျပ်ခွဲကျေးရွာသို့ရောက်ရှိပြီး၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ မှ Contract Farming စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်၊ ကျေးရွာလယ်ယာ နှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားများအားတွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုများ လက်ဝယ်အရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးနှင့် ဝန်ထမ်းများသည် နှစ်ကျပ်ခွဲကျေးရွာရှိ တိုင်းဒေသ ကြီးဘဏ္ဍာရန်ပုံငွေမှ Contract Farming စနစ်ဖြင့်၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း စိုက်ပျိုးသည့် ကျေးရွာလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားများနှင့်တွေ့ဆုံရာတွင်၊ မြို့နယ်ဦးစီးမှူးက နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် နှင့်အညီ နိုင်ငံအတွင်း ဆီထွက်သီးနှံဖူလုံပိုလျှံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရေး လုပ်ငန်းများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ကြစေရေးကို ရည်ရွယ်၍ ယခုကဲ့သို့ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်အနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများနှင့် လုပ်သားခ၊ ထွန်ယက်ခများကို၊ လက်ဝယ်အရောက်ပေးအပ် ရခြင်းဖြစ်ပါကြောင်းနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင်လည်း တောင်သူများအနေဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက နှစ်ကျပ်ခွဲ ကျေးရွာလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား (၅၅)ဦးအတွက် စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် မြေဩဇာများ၊ လုပ်အားခများနှင့် ထွန်ယက်ခ များကို တောင်သူတစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်