Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ် တန်းလျားလေးကျေးရွာ၌ Mobile Financial Payment စနစ်ဖြင့် ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


27 May,2024

ရန်ကုန်တိုင်း‌ဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Shwe Bankနှင့် ပူးပေါင်း၍ကျေးလက်နေပြည်သူများ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများ လျော့ချနိုင်စေရန် ရည်ရွယ်၍ Mobile Financial Payment စနစ်ဖြင့် တန်းလျားလေး ကျေးရွာ၌ ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက တန်းလျားလေးကျေးရွာရှိ ရပ်မိရပ်ဖများ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို Mobile Financial Payment စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ပြောကြားပြီး  Shwe Bank မှ တာဝန်ရှိသူများက Mobile Financial Payment စနစ်ဖြင့် ငွေ‌ပေးချေနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက Mobile Financial Payment စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်း နှင့် အခြားလုပ်ငန်းလုပ်ကိုင်မည့်သူ စုစုပေါင်း အသင်းသား၊ အသင်းသူဦးရေ ၁၅၀ ကို မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၄၃သိန်း ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်